Hawkers and Hijabi Cyberspace: Muslim women’s labor subjectivities in Yangon

In collaboration with Burmese labor activist and gender scholar Shunn Lei, this research troubles common sense ideas about Muslim’s women’s experiences of exclusion. Centering Burmese Muslim women’s work practices, we show that exclusion from public services and spaces is actually accompanied by violent inclusion in precarious labor markets. We also shows that, contrary to literature that underscores Muslim women’s isolation, hijabi women in Yangon create vibrant communities, new subjectivities, and new livelihoods online as sellers.

စာတမ်းအကျဉ်း

မြန်မာနိုင်ငံမှမွတ်ဆလင် အမျိုးသမီးများတွေ့ ကြုံရလေ့ရှိသည့် ဖယ်ကြဉ်ဆက်ဆံခံရခြင်းများကို အများအားဖြင့်မျိုးနွယ်စု၊ လူမျိုး တို့နှင့် သက်ဆိုင်သော ပညာရပ်ဆိုင်ရာ သုတေသန စာပေများတွင် ပုံမှန်အားဖြင့်တွေ့ရလေ့ရှိသည်။ သို့သော် မွတ်ဆလင် အမျိုးသမီး များတွေ့ကြုံရသည့်အမျိုးမျိုးသောဖယ်ကြဉ်ဆက်ဆံခံရမှုများမှာ အမူအယာအားဖြင့် ဖယ်ထုတ်ဆက်ဆံ ခံရခြင်းနှင့် နိုင်ငံတော်မှ အကြမ်းဖက်ခြင်းတို့မျှသာမကပါ။ ယခု ဆောင်းပါးတွင် ဖယ်ကြဉ် ဆက်ဆံခြင်း၊ အကျုံးဝင်ပါဝင်ခြင်းနှင့် အလုပ်သမားများ အသုံးချ ခံဖြစ်မှုတို့ အကြားရှိ ဆက်နွယ်မှူများကို ပို့စ်ကိုလိုနီအခြေပြု မက်စ်ဆစ် ဖီးမနစ် ဝါဒနှင့် နယ်မြေအခြေပြု လေ့လာရေးရှုထောင့် တို့မှနေ၍ ရန်ကုန်မြို့ရှိ မွတ်ဆလင်အမျိုး သမီးများ၏ စုံလင်ကွဲပြား သော မြင်သာထင်သာရှိသည့် မြို့ပြနေရာနှင့် အလုပ်အတွေ့အကြုံများ အား မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတော်၊ အရင်းနှင့် အလုပ်သမားများ အကြားရှိပြောင်းလဲနေသော စပ်ဆက်မှု များကို နားလည်နိုင်ရန် အတွက်လေ့လာမှုကိုစတင်ရာအဖြစ်တာ ထွက်အမှတ်အနေဖြင့်ချဉ်း ကပ် လေ့လာသွားမည်ဖြစ်သည်။ အရင်းနှင့် လူမှုကွဲပြားမှုတို့ ပေါင်းဆုံကာ အလွယ်တကူပြိုပျက်နိုင်သည့် အလုပ်သမားဈေးကွက် များအတွင်း အတင်းအကြပ် ပါဝင်စေသည့် အခြေအနေများ  နှင့် အလုပ်သမားများ အသုံးချခံဖြစ်မှုတို့ကြောင့် အသစ်ထွက်ပေါ်လာ သည့်အခြေအနေများ ဖြစ်ပေါ်လာရသည်ဟု ကျွန်ုပ်တို့သုံးသပ် ပါသည်။ ရန်ကုန်မြို့အတွင်းရှိဟီဂျပ်(မွတ်ဆလင်အမျိုးသမီးများဘာသာရေးအရဝတ်ဆင်လေ့ရှိသောခေါင်းဆောင်းပုဝါ) ဝတ်ဆင်သော အမျိုးသမီးများမှာ အများပိုင်နေရာများနှင့် သမားရိုးကျ အလုပ်သမားဈေးကွက်များအတွင်း ဖယ်ကြဉ်ဆက်ဆံခံရခြင်းများကို ကြုံတွေ့နေရလင့်ကစား၊ အခြားမျက်နှာစာတဖက်ဖြစ်သော အင်တာနက်ပေါ်တွင် သက်ဝင်လှုပ်ရှားသည့် လူမှုအဝန်းအဝိုင်းများ၊ အသုံးဝင်မှုအသစ်များ၊ သက်မွေးဝမ်းကြောင်းမှုအသစ်များကို ဖန်တီး ခြင်းများဖြင့်  ယင်းတို့သည်  လွှမ်းမိုးသည့်နေရာများအတွင်းနှင့် အပြိုင်ရှိရာများတွင် မိမိတို့ဘဝကိုရပ်တည် နေကြောင်းကိုလည်း ယင်းတို့၏ လူမှုအတွေ့အကြုံများအပေါ် အဓိကထား၍ သုံးသပ် ထားသော ဤသုတေသနစာတမ်းမှ မီးမောင်းထိုးပြသနေပါသည်။

Previous
Previous

Book Project: Support from the South: How refugee labor reproduces cities

Next
Next

Geographies of Work and Housing in Denver’s Muslim Refugee Community